Tuesday 1 September 2015

ဆုတောင်းပြည့် ဂျပန် ကမာကူရ ဘုရားဆင်းတုတော်သမိုင်းနှင့် ထူးခြားချက်..


 
 ဆုတောင်းပြည့် ဂျပန် ကမာကူရ ဘုရားဆင်းတုတော်သမိုင်းနှင့် ထူးခြားချက်..

နှင်းချယ်ရီစတိုးမှ ကမာကူရ ဆင်းတုတော်များအား ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း အမြတ်မယူ ကုသိုလ်ပြုရောင်းချပေး နေပါသည်။
ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူများဟာ ဂျပန်နိုင်ငံကို ရောက်ရှိချိန်မှာ ကမာကူရ ဘုရားဆင်းတုတော်ကြီးအား သွားဖူးမျှော် ကြည်ညိုကြစမြဲ ဖြစ်ပါတယ်။

တိုကျိုမြို့ မှ၁နာရီကျော်ခန့် ရထားခရီးဖြင့် သွားရတဲ့ The Great Buddha of Kamakura ဂျပန်အခေါ်Kamaku Daibutsu ကမာကူရ ကြေးဆင်းတုတော်ကြီးသည် အေဒီ ၁၂၅၂ခုနှစ် ဂျပန်သမိုင်းရဲ့ ကမာကူရခေတ်
(အေဒီ1185–1333)ရဲ့ တည်ထားခဲ့တာ ဖြစ်သည်။ ကြေးဆင်းတုတော် အဖြစ် တည်ထားကိုးကွယ်မှု မပြုမှီ (၉)နှစ်ခန့်အလိုက သစ်သား ဆင်းတုအဖြစ် တည်ထားကိုးကွယ်ခဲ့ပြီး ပျက်စီးယိုယွင်း သွားတဲ့ အတွက် ယခုမျက်မှောက် ဖူးမြင်ရတဲ့အတိုင်း ကြေးဆင်းတုတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်း Nara မြို့ရှိ Todaiji ဗုဒ္ဓရုပ်ပွားတော်ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး ဆင်းတုတော်ဖြစ်သည်။
ထူးခြားချက်များ.
.
အနှစ် ရ၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ယခင်က အမိုးအကာနှင့် အာရုဏ်ခံ တန်ဆောင်းရှိခဲ့တဲ့ ကမာကူရ ဆင်းတုတော်ကြီးဟာ 1334 ခုနှစ် မုန်တိုင်းဝင်ရောက်စဉ်က ပျက်ဆီးခဲ့သည်ပြီး ပြန်လည်ပြုပြင်ခဲ့ရသည်။
အေဒီ 1369ခုနှစ်မှာ မုန်တိုင်းထပ်မံဝင်ရောက်တဲ့ အတွက် အမိုးအကာများ ထပ်မံပျက်စီး ခဲ့သဖြင့် ပြန်လည် ပြုပြင်ခဲ့ရပြီး..
နောက်ဆုံးအကြိမ် September 20, 1498 မှာတော့ ဆုနာမိဒဏ်ကြောင့် အမိုးအကာများ ရေလှိုင်းများနဲ့ မျောပါသွားခဲ့ကာ ယခုအချိန်ထိ အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်း အလျဉ်းမရှိတော့ပဲ ဟင်းလင်းပြင်မှာ စံပယ်တော်မူလျှက် ရှိပါသည်။ အမိုးအကာအောက်၌ တည်ထားကိုးကွယ်၍ မရသော မြန်မာနိုင်ငံမှ တချို့သော တန်ခိုးကြီး ဆင်းတုတော်များကဲ့သို့ အမိုးအကာအောက်၌ စံပယ်တော် မမူဟု မှတ်ယူရပေမည်လားပင်။
ဂျပန်ရောက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများနဲ့ ဂျပန်သို့ လာရောက်လည်ပတ် ကြတဲ့ ဗုဒ္ဓဘာသာနိုင်ငံများမှ နိုင်ငံခြားသားများဟာ ကမာကူရ ဘုရားဆင်းတုတော် တန်ခိုးကြီးပြီး ဆုတောင်း ပြည့်တယ်လို့ ယုံကြည်ကြသည်...။

ကမာကူရသို့ တခေါက်သွားရောက် ကြည်ညို ဖူးမျှော်သူတိုင်း နောက်တကြိမ်ဂျပန်နိုင်ငံသို့ ပြန်လည် လာရောက် ရသည်ဟု အများလက်ခံ ယုံကြည်ကြသည်။
ဗောဓိတထောင် ဆရာတော်ကြီး၏ ကမာကူရ ဆင်းတုတော် ဝန်းအတွင်းမှ ဖြစ်ရပ်ဆန်း..
၁၉၉၉ခုနှစ် အစပိုင်းက ယခုပျံလွန်တော် မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် မုံရွာမြို့မှ ဗောဓိတထောင် ဆရာတော်ကြီးဟာ ယခုမြန်မာနိုင်ငံနှင့် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်သည့် ဗောဓိတထောင် မတ်ရပ် ဆင်းတုတော်ကြီးကို တည်ထားကိုးကွယ်ရန်အတွက် လိုအပ်တဲ့ သံဆိုင်းများအတွက် အိန္ဒိယနိုင်ငံမှ သံတံတားဟောင်း တစင်းအားဝယ်ယူရန် သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါတယ်။ ထိုစဉ်က တပည့်တကာတော်များနှင့် ကမာကူရ ရုပ်ပွားတော်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့သည်။

ဆရာတော်မှ ကမာကူရ ဘုရားကြီးအား လက်အုပ်ချီ မတ်ရပ် ဖူးမျှော်ကြည်ညိုရင်းမှ တပည့်တကာများအား မင်းတို့တွေ အသံတွေ ဆူညံသံတွေ မကြားကြဘူးလားဟု ဆိုလေသည်။ နောက်ပါ တကာများမှ မည်သည့်အသံမှ မကြားရကြောင်း ပြောဆိုရာမှာတော့ ဆရာတော်မှ အနီးပတ်ဝန်းကျင်မှ အစောင့်အရှောက် နတ်များ ဆရာတော်ထံမှ တဖွဲ့ပြီး တဖွဲ့ အမျှလာရောက်ယူကာ သာဓုခေါ်သံများ ဆူညံနေကြောင်း မိန့်ကြားလေသည်။ ထိုစဉ်က ယခုကဲ့သို့ Digital အမျိုးအစားကင်မရာများ မရှိပဲ.. ဖလင်ကင်မရာများဖြင့် ဆရာတော် လက်အုပ်ချီ ဖူးမျှော်နေပုံအား ဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ထိုနေ့ညပိုင်း၌ မိမိကိုယ်တိုင် ဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ရာမှာတော့ ဆရာတော်တည်းခိုရာ နေအိမ်မှ အိမ်ရှင်ဖြစ်သူမှ ၎င်းဆရာတော်အား မှတ်တမ်းတင် ရိုက်ကူးသည့် မတ်ရပ်လက်အုပ်ချီ ပူဇော်ကန်တော့နေသည့် မြင်ကွင်းဝန်းကျင်၌ အဖြူရောင် အလင်းတန်းများစွာအား ဓာတ်ပုံအတွင်း၌ ထင်ရှားပြတ်သားစွာ စာရေးသူကိုယ်တိုင် မျက်မြင်မြင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။ တခြားသူတဦး ရိုက်ကွင်း၌ ဓာတ်ပုံအတွင်း အလင်းတန်းများအပြင် လူသဏ္ဍာန်များပင် ပေါ်ပေါက်နေသည်ဟု ကြားသိခဲ့ရသည်။

ဂျပန်သို့ အလုပ်အကိုင်ဖြင့် ဖြစ်စေ အလည်အပတ်ဖြင့် ဖြစ်စေ လာရောက်လိုသူများ မိမိတို့နေအိမ်တွင် ကမာကူရ ဆင်းတုတော်အား ပူဇော်ကိုးကွယ်ခြင်းဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း ဆုတောင်းလည်း ပြည့်ကြောင်း မြန်မာလူမျိုး အများစု ယုံကြည်လက်ခံကြသည်။

ကိုးကား KAMAKURA WIKIPEDIA
ရေးသားသူ
ကျော်သူ (နှင်းချယ်ရီစတိုး)

နှင်းချယ်ရီစတိုးမှ ကမာကူရ ဆင်းတုတော်များအား ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း ကုသိုလ်ပြုရောင်းချပေး နေပါသည်။
စာရေးသူ အနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လေ့လားရေး လာရောက်ခဲ့သည့် မြန်မာ့ရေနံမှ အဖွဲ့တဖွဲ့ ထိုစဉ်က ကမာကူရသို့ သွားရောက်ဖူးမျှော်စဉ် နှင်းများ အဆမတန်ကျရောက်လာသည့် အတွက် ကမာကူရဆင်းတုတော်အား မြင်တွေ့ရပြီးမှ ဖူးမျှော်ခွင့် မရရှိခဲ့သည့် ဝန်ထမ်းများမှ မိမိဆိုင်အတွင်း ကီမိုနို လာရောက်ဝယ်ယူရင်း အကူအညီတောင်းရာမှ နောက်တရက်တွင် ဘုရားသို့ ကိုယ်တိုင် သွားရောက််ဝယ်ယူပေးခဲ့သည်။

ထိုအချိန်မှ စ၍ ကမာကူရဆင်းတုတော်အား ပူဇော်လိုသူများနှင့် အချိန်အခက်အခဲကြောင့် သွားရောက်ဝယ်ယူရန် အခက်အခဲရှိသူများ မြန်မာနိုင်ငံမှ ပူဇော်လိုသူများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူကာ ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း ကုသိုလ်ပြုရောင်းချပေး နေခဲ့သည်။
တခုအကြံပြုလိုသည်မှာ ကမာကူရ ဘုရားဝန်းအတွင်း ဘုရားဆင်းတုတော် ဝယ်ယူပူဇော်လိုသူများအတွက် ဆင်းတုတော် ဘေးရှိ စျေးဆိုင်၌ မျက်နှာတော်ကျ သပ်ပယ်သော ဆင်းတုတော်များအား ထိုဆိုင်မှ ဝယ်ယူရရှိနိုင်သည်။ ဂျပန်ရောက်မြန်မာအများစု ထိုဆိုင်မှသာ ဝယ်ယူအားပေးကြပြီး ဆင်းတုတော် ဝယ်ယူသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြောင်း ဆိုင်ဝန်ထမ်းများ ပြောပြချက်အရ သိရှိရသည်။
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူမှသာ ရောင်းချပေးသည့် အဆိုပါဆိုင်သို့ မိမိမအားလပ်သည့် ကြားမှ ကုသိုလ်ပြု ဝင်ရောက်သယ်ဆောင်ပေးသည့် မိတ်ဆွေအပေါင်းအသင်းများအား အထူးကျေးဇူးတင်ရှိပါသည်။

နှင်းချယ်ရီ ဂျပန်စစ်စစ် ချီရီမန်နှင့် ကီမိုနိုစတိုး
ဆက်သွယ်ရန်
JR Yamanote Line Otsuka Eki မွ ၃မိနစ္သာ၊
Room(503) Kita Otsuka 2-11-5 Toshima-Ku Tokyo.
Mobile Phone
080-3562-1812 (Viber, Line Available)
090-4528-6219
ဖုန်းကြိုတင် ဆက်သွယ်ပါရန်
မြန်မာပြည်မှာ ဆက်သွယ်ဝယ်ယူလိုရင်တော့
09450047598 (Viber, Line Available),
095090540

No comments:

Post a Comment