Friday, 19 February 2016

Hnin Cherry Store(Myanmar Branch)

 

    ဂျပန်ဝေဖာစ (ချီရီမန်)၊ ဂျပန်ဇာနှင့် ဂျပန်ကီမိုနို စစ်စစ် ဝတ်ဆင်လိုသူ မြန်မာအမျိုးသမီးများအတွက် ဂျပန်ဝေဖာစများ၊ ကီမိုနိုမျိုးစုံနှင့် ဇာမျိုးစုံ နှင်းချယ်ရီစတိုး ဂျပန်ဆိုင်ခွဲနှင့် နှင်းချယ်ရီစတိုး ရန်ကုန်ဆိုင်ခွဲ (ရွှေဘုန်းပွင့် ဘုရားအနီး) သို့ရောက်ရှိပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဂျပန်ထီးမျိုးစုံလည်း ရောက်ရှိပါပြီ။ ရန်ကုန်မြို့တွင် မည်သည့်ဆိုင်မှာမျှ မရှိသည့် ဗြောင်ချီရီမန် ဗြောင်ဝေဖာစ အရောင်မျိုးစုံ ရန်ကုန်ဆိုင်ခွဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ဂျပန် အထည် စစ်စစ်များကိုသာ အာမခံရောင်းချပါသည်။










နှင်းချယ်ရီ ဂျပန်ချီရီမန်၊ ဇာနှင့် ကီမိုနို (ဂျပန်ဆိုင်ခွဲ) 
JR Yamanote Line Otsuka Station မှ North Exit (၃)မိနစ်သာ
 ဂျပန်ပြည်တွင်း နယ်မြို့များမှ မှာယူသူများအား ပို့ပေးပါသည်။

ဂျပန်ပြည်တွင်း အထူးအစီအစဉ် ၁၀ထည်ယူ ၁ထည်လက်ဆောင် ရရှိပါမည်..။

Post Code 170-0004 Room(503) Kita Otsuka 2-11-5 Toshima-Ku Tokyo. (5th Floor) ဖုန်းဆြကျသှယျရနျ
Mobile Phone 080-3562-1812 (Viber, Line Available 090-4528-6219
N0(10) U Weikzar  Street Yegyaw, Pazundaung T/S Beside Shwe Phone Pwint Pagoda
09450047598 09250084864..
 မြန်မာပြည်တွင်း လက်လီ၊ လက်ကားရောင်းဝယ်လိုသူများ ဆက်သွယ်နိုင်ပါသည်။
ဗဟုသုတ အဖြစ်
အတုကို အစစ်ထင် ရွှေထမိန် အဝတ်မမှားစေဖို့..
 https://www.facebook.com/hnin.cherry.35912/posts/1779339352342383
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ..
 https://www.facebook.com/hnincherrykimono/posts/


Hnin Cherry Store Myanmar Branch
 was opened
Since November 6th 2015.
Japanese Chirimen (also well know Japanese Waifar), Japanese lace, Japanese cotton and other fabric, and Japanese Kimono design Kimono.Cheap price real Japanese fabric come and see enjoy our shop. 

 Hnin Cherry Store (Myanmar Branch)

N0(47) U Shwegone Street Yegyaw, Pazundaung T/S
 (Beside Shwe Phone Pwint Pagoda .
 and Yegyaw Market)
Contact Info:09450047598, 09250084864
Hnin Cherry Store and Show room.(Japan Branch)
From JR Yamanote Line Otsuka Station take about only 2minute.
Room(503) Kita Otsuka 2-11-5 Toshima-Ku Tokyo. (5th Floor)
170-0004東京都豊島区北大塚2-11-5- 503号
Mobile Phone 080-3562-1812,090-4528-6219 (Viber, Line Available)

ချီရီမန်ဒီဇိုင်းသစ်များ၊ ဇာဒီဇိုင်းသစ်များ၊ ကီမိုနိုဒီဇိုင်းသစ်များ၊ မွှေးပွမှန်ဇာ ဒီဇိုင်းသစ်များ ဂျပန်နှင်းချယ်ရီ စတိုးဆိုင်ခွဲနှင့် မြန်မာနှင်းချယ်ရီ စတိုးဆိုင်ခွဲများသို့
ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ နှင်းချယ်ရီစတိုး မိတ်ဆွေများအား အသိပေး အကြောင်းကြားအပ်ပါသည်။

 လက်ဆောင်ပေးရန် အထူးကောင်းမွန်သော နှင်းချယ်ရီမှ လက်ဆောင် ပစ္စည်းများ
 ဂျပန် ပစ္စည်းစစ်စစ်များအား လက်ဆောင်ပေးချင်းဖြင့် ဂုဏ်ယူပါ
 

နှင်းချယ်ရီ ဂျပန်ချီရီမန်၊ ဇာနှင့် ကီမိုနို (ဂျပန်ဆိုင်ခွဲ)
JR Yamanote Line Otsuka Eki မှ North Exit (၃)မိနစ်သာ၊ Room(503) Kita Otsuka 2-11-5 Toshima-Ku Tokyo. (5th Floor)
Mobile Phone 080-3562-1812,090-4528-6219 (Viber, Line Available)
နှင်းချယ်ရီ ဂျပန်ချီရီမန်၊ ဇာနှင့် ကီမိုနို (ရန်ကုန်ဆိုင်ခွဲ)
အမှတ်(၁၀) ဥနးဝိဇ္ဇာ လမ်း ရေကျော်၊ ပုဇွန်တောင်မြို့နယ်။
ရွှေဘုန်းပွင့် ဘုရားအနီး..
094 50047598, 09250084864
 

ဗဟုသုတ အဖြစ်
(ကမာကူရဆင်းတုတော် သမိုင်းနှင့် ထူးခြားချက် ပြန်ဖတ်လိုလျှင်)
https://www.facebook.com/hnin.cherry.35912/posts/1631945143748472?pnref=story

ဗဟုသုတ အဖြစ် ရေးသားထားတဲ့ ဆောင်းပါးများ ပြန်ဖတ်လိုလျှင်..

Facebook_ Hnin Cherry Kimono
Page_ Hnin Cherry Kimono Store 

Facebook တခွင် ပြန်ဖတ်လိုလျှင်
 
(ကမာကူရဆင်းတုတော် သမိုင်းနှင့် ကမာကူရရောက် ဗောဓိတစ်ထောင် ဆရာတော်ကြီး ထူးခြားချက် ပြန်ဖတ်လိုလျှင်)
https://www.facebook.com/hnin.cherry.35912/posts/1631945143748472?pnref=story
ထင်ရှားကျော်ကြား ဂျပန်ပြည်မှ ဆင်းတုတော်များ... (အပိုင်း ၁) ပြန်ဖတ်လိုလျှင် (လင့်ခ်ကိုနှိပ်ပါ)
https://www.facebook.com/hnin.cherry.35912/posts/1687610128181973
ဒါဖတ်ပြီးမှ ဂျပန်ချီရီမန်နှင့် ကီမိုနို ဝယ်ပါ (၁)
https://www.facebook.com/hnin.cherry.35912/posts/1631183223824664
ဒါဖတ်ပြီးမှ ဂျပန် ချီရီမန်နှင့် ဂျပန် ကီမိုနိုဝယ်ပါ... (၂)
https://www.facebook.com/hnin.cherry.35912/posts/1660071677602485
အတုအပ သတိပြု လေ့လာ ဖတ်ရှုလိုလျှင် 
https://www.facebook.com/hnin.cherry.35912/posts/1633420676934252?pnref=story
ကျန်းမာရေးနဲ့ ညီညွတ်တဲ့
ဂျပန် ရှားစောင်းလက်ပတ် ကီမိုနို.. https://www.facebook.com/hnin.cherry.35912/posts/1631157080493945?pnref=story
နှင်းချယ်ရီ ကီမိုနိုများ (၁) ပြန်ကြည့်မယ် ဆိုရင်
 https://www.facebook.com/hnin.cherry.35912/posts/1634173573525629?pnref=story
နှင်းချယ်ရီ ကီမိုနိုများ (၂)
ပြန်ကြည့်မယ် ဆိုရင် https://www.facebook.com/hnin.cherry.35912/posts/1634175756858744?pnref=story
小紋工房 (komon-koubou) အမှတ်တံဆိပ်ပါ ချီရီမန်(ဂျပန်ဝေဖာသား) ဒီဇိုင်းများ (၁)
https://www.facebook.com/hnin.cherry.35912/posts/1638425633100423?pnref=story
ဂျပန်ဇာစစ်စစ် ဒီဇိုင်းမျိုးစုံ (၁)
https://www.facebook.com/hnin.cherry.35912/posts/1635268233416163?pnref=story

ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဂျပန် လ္ဘက်ခြောက်မျိုးစုံဗဟုသုတ အဖြစ်

Japan Green Tea
https://www.facebook.com/hnin.cherry.35912/posts/1575038689439118?pnref=story


Tuesday, 1 September 2015

ဆုတောင်းပြည့် ဂျပန် ကမာကူရ ဘုရားဆင်းတုတော်သမိုင်းနှင့် ထူးခြားချက်..


 
 ဆုတောင်းပြည့် ဂျပန် ကမာကူရ ဘုရားဆင်းတုတော်သမိုင်းနှင့် ထူးခြားချက်..

နှင်းချယ်ရီစတိုးမှ ကမာကူရ ဆင်းတုတော်များအား ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း အမြတ်မယူ ကုသိုလ်ပြုရောင်းချပေး နေပါသည်။
ဂျပန်နိုင်ငံကို ရောက်ရှိလာကြတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာမှ လာရောက်လည်ပတ်သူများဟာ ဂျပန်နိုင်ငံကို ရောက်ရှိချိန်မှာ ကမာကူရ ဘုရားဆင်းတုတော်ကြီးအား သွားဖူးမျှော် ကြည်ညိုကြစမြဲ ဖြစ်ပါတယ်။

တိုကျိုမြို့ မှ၁နာရီကျော်ခန့် ရထားခရီးဖြင့် သွားရတဲ့ The Great Buddha of Kamakura ဂျပန်အခေါ်Kamaku Daibutsu ကမာကူရ ကြေးဆင်းတုတော်ကြီးသည် အေဒီ ၁၂၅၂ခုနှစ် ဂျပန်သမိုင်းရဲ့ ကမာကူရခေတ်
(အေဒီ1185–1333)ရဲ့ တည်ထားခဲ့တာ ဖြစ်သည်။ ကြေးဆင်းတုတော် အဖြစ် တည်ထားကိုးကွယ်မှု မပြုမှီ (၉)နှစ်ခန့်အလိုက သစ်သား ဆင်းတုအဖြစ် တည်ထားကိုးကွယ်ခဲ့ပြီး ပျက်စီးယိုယွင်း သွားတဲ့ အတွက် ယခုမျက်မှောက် ဖူးမြင်ရတဲ့အတိုင်း ကြေးဆင်းတုတော်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်း Nara မြို့ရှိ Todaiji ဗုဒ္ဓရုပ်ပွားတော်ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး ဆင်းတုတော်ဖြစ်သည်။
ထူးခြားချက်များ.
.
အနှစ် ရ၀၀ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ယခင်က အမိုးအကာနှင့် အာရုဏ်ခံ တန်ဆောင်းရှိခဲ့တဲ့ ကမာကူရ ဆင်းတုတော်ကြီးဟာ 1334 ခုနှစ် မုန်တိုင်းဝင်ရောက်စဉ်က ပျက်ဆီးခဲ့သည်ပြီး ပြန်လည်ပြုပြင်ခဲ့ရသည်။
အေဒီ 1369ခုနှစ်မှာ မုန်တိုင်းထပ်မံဝင်ရောက်တဲ့ အတွက် အမိုးအကာများ ထပ်မံပျက်စီး ခဲ့သဖြင့် ပြန်လည် ပြုပြင်ခဲ့ရပြီး..
နောက်ဆုံးအကြိမ် September 20, 1498 မှာတော့ ဆုနာမိဒဏ်ကြောင့် အမိုးအကာများ ရေလှိုင်းများနဲ့ မျောပါသွားခဲ့ကာ ယခုအချိန်ထိ အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်း အလျဉ်းမရှိတော့ပဲ ဟင်းလင်းပြင်မှာ စံပယ်တော်မူလျှက် ရှိပါသည်။ အမိုးအကာအောက်၌ တည်ထားကိုးကွယ်၍ မရသော မြန်မာနိုင်ငံမှ တချို့သော တန်ခိုးကြီး ဆင်းတုတော်များကဲ့သို့ အမိုးအကာအောက်၌ စံပယ်တော် မမူဟု မှတ်ယူရပေမည်လားပင်။
ဂျပန်ရောက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများနဲ့ ဂျပန်သို့ လာရောက်လည်ပတ် ကြတဲ့ ဗုဒ္ဓဘာသာနိုင်ငံများမှ နိုင်ငံခြားသားများဟာ ကမာကူရ ဘုရားဆင်းတုတော် တန်ခိုးကြီးပြီး ဆုတောင်း ပြည့်တယ်လို့ ယုံကြည်ကြသည်...။

ကမာကူရသို့ တခေါက်သွားရောက် ကြည်ညို ဖူးမျှော်သူတိုင်း နောက်တကြိမ်ဂျပန်နိုင်ငံသို့ ပြန်လည် လာရောက် ရသည်ဟု အများလက်ခံ ယုံကြည်ကြသည်။
ဗောဓိတထောင် ဆရာတော်ကြီး၏ ကမာကူရ ဆင်းတုတော် ဝန်းအတွင်းမှ ဖြစ်ရပ်ဆန်း..
၁၉၉၉ခုနှစ် အစပိုင်းက ယခုပျံလွန်တော် မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် မုံရွာမြို့မှ ဗောဓိတထောင် ဆရာတော်ကြီးဟာ ယခုမြန်မာနိုင်ငံနှင့် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်သည့် ဗောဓိတထောင် မတ်ရပ် ဆင်းတုတော်ကြီးကို တည်ထားကိုးကွယ်ရန်အတွက် လိုအပ်တဲ့ သံဆိုင်းများအတွက် အိန္ဒိယနိုင်ငံမှ သံတံတားဟောင်း တစင်းအားဝယ်ယူရန် သွားရောက်ကြည့်ရှုခဲ့ပြီး အပြန်မှာ ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါတယ်။ ထိုစဉ်က တပည့်တကာတော်များနှင့် ကမာကူရ ရုပ်ပွားတော်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့သည်။

ဆရာတော်မှ ကမာကူရ ဘုရားကြီးအား လက်အုပ်ချီ မတ်ရပ် ဖူးမျှော်ကြည်ညိုရင်းမှ တပည့်တကာများအား မင်းတို့တွေ အသံတွေ ဆူညံသံတွေ မကြားကြဘူးလားဟု ဆိုလေသည်။ နောက်ပါ တကာများမှ မည်သည့်အသံမှ မကြားရကြောင်း ပြောဆိုရာမှာတော့ ဆရာတော်မှ အနီးပတ်ဝန်းကျင်မှ အစောင့်အရှောက် နတ်များ ဆရာတော်ထံမှ တဖွဲ့ပြီး တဖွဲ့ အမျှလာရောက်ယူကာ သာဓုခေါ်သံများ ဆူညံနေကြောင်း မိန့်ကြားလေသည်။ ထိုစဉ်က ယခုကဲ့သို့ Digital အမျိုးအစားကင်မရာများ မရှိပဲ.. ဖလင်ကင်မရာများဖြင့် ဆရာတော် လက်အုပ်ချီ ဖူးမျှော်နေပုံအား ဓာတ်ပုံမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။
ထိုနေ့ညပိုင်း၌ မိမိကိုယ်တိုင် ဆရာတော်ကြီးအား သွားရောက်ဖူးမျှော်ရာမှာတော့ ဆရာတော်တည်းခိုရာ နေအိမ်မှ အိမ်ရှင်ဖြစ်သူမှ ၎င်းဆရာတော်အား မှတ်တမ်းတင် ရိုက်ကူးသည့် မတ်ရပ်လက်အုပ်ချီ ပူဇော်ကန်တော့နေသည့် မြင်ကွင်းဝန်းကျင်၌ အဖြူရောင် အလင်းတန်းများစွာအား ဓာတ်ပုံအတွင်း၌ ထင်ရှားပြတ်သားစွာ စာရေးသူကိုယ်တိုင် မျက်မြင်မြင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသည်။ တခြားသူတဦး ရိုက်ကွင်း၌ ဓာတ်ပုံအတွင်း အလင်းတန်းများအပြင် လူသဏ္ဍာန်များပင် ပေါ်ပေါက်နေသည်ဟု ကြားသိခဲ့ရသည်။

ဂျပန်သို့ အလုပ်အကိုင်ဖြင့် ဖြစ်စေ အလည်အပတ်ဖြင့် ဖြစ်စေ လာရောက်လိုသူများ မိမိတို့နေအိမ်တွင် ကမာကူရ ဆင်းတုတော်အား ပူဇော်ကိုးကွယ်ခြင်းဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိနိုင်ကြောင်း ဆုတောင်းလည်း ပြည့်ကြောင်း မြန်မာလူမျိုး အများစု ယုံကြည်လက်ခံကြသည်။

ကိုးကား KAMAKURA WIKIPEDIA
ရေးသားသူ
ကျော်သူ (နှင်းချယ်ရီစတိုး)

နှင်းချယ်ရီစတိုးမှ ကမာကူရ ဆင်းတုတော်များအား ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း ကုသိုလ်ပြုရောင်းချပေး နေပါသည်။
စာရေးသူ အနေဖြင့်လည်း ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လေ့လားရေး လာရောက်ခဲ့သည့် မြန်မာ့ရေနံမှ အဖွဲ့တဖွဲ့ ထိုစဉ်က ကမာကူရသို့ သွားရောက်ဖူးမျှော်စဉ် နှင်းများ အဆမတန်ကျရောက်လာသည့် အတွက် ကမာကူရဆင်းတုတော်အား မြင်တွေ့ရပြီးမှ ဖူးမျှော်ခွင့် မရရှိခဲ့သည့် ဝန်ထမ်းများမှ မိမိဆိုင်အတွင်း ကီမိုနို လာရောက်ဝယ်ယူရင်း အကူအညီတောင်းရာမှ နောက်တရက်တွင် ဘုရားသို့ ကိုယ်တိုင် သွားရောက််ဝယ်ယူပေးခဲ့သည်။

ထိုအချိန်မှ စ၍ ကမာကူရဆင်းတုတော်အား ပူဇော်လိုသူများနှင့် အချိန်အခက်အခဲကြောင့် သွားရောက်ဝယ်ယူရန် အခက်အခဲရှိသူများ မြန်မာနိုင်ငံမှ ပူဇော်လိုသူများအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူကာ ဘုရားဝန်းအတွင်း ရောင်းချသည့် စျေးနှုန်းအတိုင်း ကုသိုလ်ပြုရောင်းချပေး နေခဲ့သည်။
တခုအကြံပြုလိုသည်မှာ ကမာကူရ ဘုရားဝန်းအတွင်း ဘုရားဆင်းတုတော် ဝယ်ယူပူဇော်လိုသူများအတွက် ဆင်းတုတော် ဘေးရှိ စျေးဆိုင်၌ မျက်နှာတော်ကျ သပ်ပယ်သော ဆင်းတုတော်များအား ထိုဆိုင်မှ ဝယ်ယူရရှိနိုင်သည်။ ဂျပန်ရောက်မြန်မာအများစု ထိုဆိုင်မှသာ ဝယ်ယူအားပေးကြပြီး ဆင်းတုတော် ဝယ်ယူသူ အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြောင်း ဆိုင်ဝန်ထမ်းများ ပြောပြချက်အရ သိရှိရသည်။
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူမှသာ ရောင်းချပေးသည့် အဆိုပါဆိုင်သို့ မိမိမအားလပ်သည့် ကြားမှ ကုသိုလ်ပြု ဝင်ရောက်သယ်ဆောင်ပေးသည့် မိတ်ဆွေအပေါင်းအသင်းများအား အထူးကျေးဇူးတင်ရှိပါသည်။

နှင်းချယ်ရီ ဂျပန်စစ်စစ် ချီရီမန်နှင့် ကီမိုနိုစတိုး
ဆက်သွယ်ရန်
JR Yamanote Line Otsuka Eki မွ ၃မိနစ္သာ၊
Room(503) Kita Otsuka 2-11-5 Toshima-Ku Tokyo.
Mobile Phone
080-3562-1812 (Viber, Line Available)
090-4528-6219
ဖုန်းကြိုတင် ဆက်သွယ်ပါရန်
မြန်မာပြည်မှာ ဆက်သွယ်ဝယ်ယူလိုရင်တော့
09450047598 (Viber, Line Available),
095090540


 
 

ရန်ကုန်မြို့ကို အလည်အပတ် ပြန်ရောက်စဉ်က နာမည်ကျော် အထည်ဆိုင်ကြီးများနှင့် ကီမိုနို ခေါင်းစဉ်တပ် ဧရာမဆိုင်ကြီးတချို့သို့ ဂျပန်ချီရီမန် မြန်မာပြည်အခေါ် ဝေဖာသားနှင့် ကီမိုနိုရောင်းဝယ်သည့် ဆိုင်များသို့ သွားရောက် လေ့လာခဲ့သည်။

ဗိုလ်ချုပ်ဈေးအတွင်းက နာမည်ကျော် အထည်ဆိုင်ကြီး တခု၏ ဖိတ်ခေါ်မှုကြောင့် လုပ်ငန်းကိစ္စ သွားရောက် ဆွေးနွေးဖြစ်သည်။ မိမိဘက်ကတော့ ဂျပန်မှ ကိုယ်စားလှယ် ရရှိထားပြီး ကိုယ်တိုင်ဖြန့်ချီနေသည့် ဂျပန်ချီရီမန်အထည် Sample စများအား ယူဆောင်ပြသခဲ့သည်။ အဆိုပါဆိုင်မှ ဂျပန်ချီရီမန် အထည်စများမှာတော့ မိမိကိုယ်တိုင် ဂျပန်၌ တကြိမ် တခါမှ မမြင်ဘူး မတွေ့ဘူးသည့် မြန်မာကြိုက် ဒီဇိုင်းမျိုးစုံအား Made in Japan ဟုပြောဆိုကာ မြန်မာနိုင်ငံသားများနှင့် အလှမ်းဝေးကွာသည့် ဈေးနှုန်းကြီးမားစွာဖြင့် ရောင်းချနေသည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါ ဗိုလ်ချုပ်ဈေးအတွင်းမှ နာမည်ကျော် ဆိုင်ပိုင်ရှင်နှင့် စကားပြောဖြစ်သည်။ ဆိုင်တွင်းမှာတော့ မိမိကုမ္ပဏီထုတ် ဂျပန်အစစ် အထည်စ တစသာ တွေ့ခဲ့ရသည်။ မိမိမှ
ဂျပန်နိုင်ငံရှိ အထည်ဆိုင်များတွင် အများသိရှိပြီးဖြစ်သည့် မိမိကိုယ်စားလှယ် ရရှိသည့် ဂျပန်ကုမ္ပဏီထုတ် အထည်စ၏ အောက်ခြေမှ ဂျပန်စာဖြင့် ရေးသားထားသော 小紋工房 တံဆိပ် အမှတ်အသားအား ပြသပြောဆိုရာမှာတော့ အဆိုပါ ဆိုင်ရှင်မှ ဂျပန်စာဖြင့် ရေးသားလိုလျှင် ထိုင်းစက်ရုံမှ မှာလျှင် ရကြောင်း မထင်မှတ်သည့် စကားဖြင့် ပြောဆိုဆက်ဆံလေသည်။

အဆိုပါ အင်္ဂလိပ် အမည်ဖြင့် ဆိုင်အတွင်းမှ ဂျပန်ချီရီမန် ဆိုသည့် အထည်အများစုကတော့ ထိုင်းနိုင်ငံမှာ ရိုက်နှိပ်ကာ သွင်းယူလာခြင်း ဖြစ်ပြီး ဂျပန်မိတ်အဖြစ် ဈေးနှုန်းကြီးမြင့်စွာ ပြောဆိုရောင်းချနေခြင်းဖြစ်သည်။ မိမိလည်း နင်ပဲငဆ ပြောဆိုလိုခြင်း မရှိသည့် အတွက် စကားဖြတ်ကာ လှည့်ပြန်ခဲ့သည်။
အဆိုပါ ထိုင်းနိုင်ငံထုတ် ချီရီမန်နှင့် ဂျပန် ချီရိမန် ပိတ်စအစစ်များအား နှိုင်းယှဉ် လေ့လာပါက အလေးချိန်နှင့် နှူးညံ့မှုကွာခြင်း ဂျပန်မိတ်အစစ်များအား ဝတ်ဆင်ရာ၌ အေးမြပြီး ကြမ်းတမ်းမှု မရှိခြင်း စသည့် အချက်များ ကွာခြားသည့် အပြင် မြန်မာပြည်မှ ချီရီမန် အစများ၌ Made in Japanဟု ရေးသားထားခြင်းကလည်း စဉ်းစားစရာ အချက်ဖြစ်သလို နောက်ဆုံး ထိုင်းနိုင်ငံထုတ် ချီရီမန် တချို့အစများ၏ အနားသတ်၌ ဂျပန်စာဖြစ်လျှင် ပြီးရော Japan Made (日本製品)ဟု ရေးသားထားသည်ကို လည်းတွေ့ခဲ့ရသည်။

နောက်တခုကတော့ နာမည်ကျော် စင်တာကြီးတခုမှ နာမည်ကျော် ကီမိုနို ဆိုင်ကြီးတခု၌ မိမိဂျပန်နိုင်ငံမှ ဖြန့်ချီရောင်းချနေသော ဂျပန်ကီမိုနိုအား အရောင်လေးမျိုး အတုထုတ်ကာ ဖြန့်ချီရောင်းချလျှက်ရှိသည်။ ဈေးနှုန်းမှာလည်း ကြောက်ခမန်းလိလိပင်။ ထို့အတူ ကိုရီးယားနိုင်ငံမှ မြန်မာတိုင်းရင်းသူ တဦး (အဆိုပါဗိုလ်ချုပ်ဈေးမှ ဆိုင်နှင့် အမည်တူ) မိမိထံမှ ကီမိုအလိပ်များ မှာယူတင်သွင်းပြီး မကြာမှီမှာပင် မိမိ၏ အဆင်များအား မြန်မာကြိုက် အရောင်များဖြင့် အတုမျိုးစုံ ပြုလုပ်ခဲ့သဖြင့် ကိုယ်တိုင် ကိုရီးယားသို့ သွားရောက်ကြည့်ရှုပြီး အများသိအောင် အဆိုပါ အတု Sample အစအချို့ ဝယ်ယူကာ အဆိုပါ အမျိုးသမီးအား သတိပေးခဲ့ရသည်။ ကိုရီးယား၌ မိမိပစ္စည်း အစစ်ရောင်းချသော ဆိုင်(၂)ဆိုင်သာ ဆက်လက်ရောင်းချခဲ့သည်။

ကျွန်တော်များ နှင်းချယ်ရီကုမ္ပဏီ အနေဖြင့် ၂၀၁၄ခုနှစ်က ကျိုက္ကဆံ ကုန်စည်ပြပွဲနှင့် တပ်မတော်ခန်းမကုန်စည် ပြပွဲများတွင် ဂျပန်နိုင်ငံထုတ် ချီရီမန်ဝေဖာသားနှင့် ဂျပန်ကီမိုနိုများအား ဂျပန်နိုင်ငံ ကုမ္ပဏီ အမှတ်တံဆိပ်ဖြင့် သွားရောက်ပြသခဲ့သည်။
ဂျပန်နိုင်ငံမှ တင်သွင်းသည်ဟူသော တခါမှမကြားဘူးသည့် အမည်များဖြင့် ရိုက်နှိပ်ရောင်းချနေသာ ဂျပန်ကီမိုနိုဆိုင်များနှင့် ဂျပန်ချီရီမန် အထည်ဆိုင်များ လာရောက်ပြသခြင်း အလျဉ်းမရှိခဲ့ပေ။
ဂျပန်နိုင်ငံထုတ် ကီမိုနို အများစု၌ Made in Japan ဟုရေးသားထားခြင်း နည်းပါးပြီး သက်ဆိုင်ရာ ကုမ္ပဏီအမည်များသာ ရေးသားထားကြသည်။

ဂျပန်နိုင်ငံအတွင်း ကီမိုနို ဖြန့်ချီရောင်းဝယ်ခဲ့သည့် ၁၅နှစ်တာ ကာလအတွင်း ဂျပန်ကုမ္ပဏီများမှ ဒီဇိုင်း တမျိုးလျှင် အရောင်(၂)မျိုးသာ ထုတ်လုပ်ခြင်းဖြစ်ပြီး တခါတရံသာ မိမိကြိုက်သည့် ဒီဇိုင်းတခုတလေအား ဂျပန်စက်ရုံမှ မီတာ ၂၀၀၀အော်ဒါမှာမှသာ မီတာ၄၀ အလိပ်များအား အရောင်လေးမျိုးအဖြစ် ထုတ်လုပ်ပေးလေ့ ရှိသည်။ တချို့ကုမ္ပဏီများမှ ကီမိုနိုများမှာ အလိပ်ပေါ်တွင်သာ 日本生地使用 ဂျပန်ပိတ်စဖြင့် ပြုလုပ်သည်ဟု ရေးသားထားပြီး အစပေါ်၌ မည်သည့်စာမျှ ရေးသားထားခြင်း မရှိပေ။ Made in Japan ဟု ရေးသားထားတိုင်း ဝါဝါမြင်တိုင်း ရွှေမထင်ပဲ အတုအစစ်ကို ချင့်ချိန်ဝယ်ယူကြရန် အသိပေးလိုသည်။ ထို့အတူ ဂျပန်နိုင်ငံ၌ မြန်မာအကြိုက် အရောင်ရင့် ခရမ်း၊ ရွှေရောင်စသည်များ ထုတ်လုပ်မှု အထူးနည်းပါးကြောင်း အသိပေးလိုသည်။ ဂျပန်နိုင်ငံ ဖြတ်စဆိုင်များမှာ ရောင်းချသည့် ဂျပန်ထိုင်ခုံ အခင်းအရောင်ရင့် အဆင်များအား မပြောလိုပါ။

ဆိုလိုသည်မှာ မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံအတွင်း နေရာတကာ၌ အတုများအား အစစ်များပမာ ဈေးကြီးပေး ဝယ်ယူသုံးစွဲ နေရသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရလေသည်။
ထို့အတွက်ကြောင့် Made in Japan ဆိုတိုင်း မိမိတို့ နားမလည်သည့် ဂျပန်စာပါတိုင်း ဂျပန်လူမျိုးတွေ ဝတ်ဆင်မှု နည်းပါးသည့် မြန်မာကြိုက် အရောင်စုံတိုင်း ဝါဝါမြင်တိုင်း ဂျပန်မိတ်ဟု မထင်ပဲ အသေအချာ စီစစ်ပြီး ဂျပန်မိတ်ဟု အာမခံပြီး မည်သည့်နိုင်ငံထုတ်ဖြစ်ကြောင်း ရိုးရိုးသားသား ရောင်းချသည့် ဆိုင်များတွင်သာ ရွေးချယ် ဝယ်ယူနိုင်ကြဖို့အတွက် ဒါဖတ်ပြီးမှ ဂျပန်ချီရီမန်နှင့် ကီမိုနို ဝယ်ပါဟု အသိပေးရေးသားရင်း...
နှင်းချယ်ရီစတိုး..
မြန်မာနိုင်ငံသားများအတွက် ဂျပန်မိတ် ချီရီမန် (မြန်မာအခေါ် ရေခဲသား၊ ဝေဖာသား)များ ဂျပန်ဇာများနှင့် ဂျပန်ကီမိုနို စစ်စစ်များသာ ရောင်းချမည့် ဆိုင်အား မကြာမှီ ရန်ကုန်မြို့အတွင်း ဆိုင်ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဆက်သွယ်ရန်
Japan.. JR Yamanote Line Otsuka Eki မှ ၃မိနစ်သာ၊
Mobile Phone
090-4528-6219
ဖုန်းကြိုတင် ဆက်သွယ်ပါရန်
မြန်မာပြည်မှာ လောလောဆယ် ဆက်သွယ်ဝယ်ယူလိုရင်တော့
09450047598 (Viber, Line Available),
095090540 သို့ Japan Made အစစ်များ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
ကိုရီးယားမှာ ဝယ်မယ်ဆိုရင်တော့
010-2562-3581,010-3309-2253
အောက်က ဓာတ်ပုံတွေမှာတော့ နှင်းချယ်ရီ စတိုးမှ ကိုယ်စားလှယ်ရယူ တိုက်ရိုက် ဖြန့်ချီတဲ့ 小紋工房 တံဆိပ်ပါ ဂျပန်ချီရီမန် ရေခဲသားနဲ့ ဂျပန်ကုမ္ပဏီတံဆိပ်ပါ တစောင်းလက်ပတ် ကီမိုနိုတို့အား ဖော်ပြလိုက်ပါတယ်။

နှင်းချယ်ရီစတိုး
Hnin Cherry Store