Sunday 30 March 2014

ပန်းပွင့်တယ်ဆိုတာ သဘာဝပါလေ..

ပန်းပွင့်တယ်ဆိုတာ သဘာဝပါလေ..

မနေ့က တိုကျိုတမြို့လုံး ချယ်ရီတွေပွင့်သည်...။
ရာသီဥတုကလည်းသာယာ ကြည်လင်တဲ့ ကောင်းကင်အောက်မှာ ချယ်ရီတွေရဲ့ အလှက စာဖွဲ့လောက်သည်..။

ထိုသာယာလှပတဲ့ စနေနေ့ညမှာပင် လေနီကြမ်းများနှင့်အတူ တညလုံး မိုးရွာသွန်းဖြိုးခဲ့သည်..။ လမ်းပေါ်မှာ ချယ်ရီပန်းတွေ ဖွေးဖွေးလှုပ်ပေါ့..။
သို့ပေတည့် ကျန်နေသော ချယ်ရီဖူးလေးများကတော့ ဆက်လက်ဖူးပွင့်ကြပေဦးမည်..။

သဘာဝလောကကို အလှဆင်ဖို့ ပန်းချယ်ရီတို့ သဘာဝ အစွမ်းကုန် ဖူးပွင့်ပေးကြသည်..။ ထို့အတူ သဘာဝတရား ဖြစ်သည့် ရာသီဥတုမှလည်း လေနီကြမ်းနှင့် အတူ မိုးရွာသွန်းဖြိုးခဲ့သည်..။ ပန်းချစ်သူတွေ အတွက်တော့ ချယ်ရီတွေရဲ့အလှတရားကို ဖျက်ဆီးရက်လေချင်းဟု ရွာသွန်းဖြိုးသည့် မိုးကို အပြစ်တင်ကြပေမည်..။ ပန်းချစ်တဲ့သူတွေ အတွက် မိုးသည် လူကြမ်းဖြစ်သည်..။ သို့ပေတည့် မိုးကို မျှော်လင့်နေသူတွေအတွက် မိုးသည် သူရဲကောင်းဖြစ်သည်..။

သဘာဝတရားအရ ပန်းသည့် ပွင့်ချိန်တန် ပွင့်၍ မိုးသည် ရွာချိန်တန်၍ ရွာချင်းဖြစ်သည်။ သူ့အလုပ် သူလုပ်နေကြပေသည်..။

ထို့အတူ လူ့ဘောင်လောကတွင်လည်း သူ့ဘက်က ကြည့်တော့ လက်ဖမိုး ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါးဟု အမြင်အမျိုးမျိုး ရှိကြပေမည်။ လူ့ဘောင်လောကကြီးတွင်လည်း မိုးလည်း မိုးအလျှောက် ပန်းလည်း ပန်းအလျှောက်ဟု နားလည်မှုလေးတွေ၊ ကိုယ်ချင်းစာတရားတွေနဲ့ ဖေးမကူညီပေးလျှင် အရာရာအားလုံး ကျေနပ်စရာကြီး ဖြစ်ပေသည်..။


လောကကို တမင် အရောင်ဆိုးလိုသူများကတော့ ချွင်းချက်ဖြစ်သည်...။

မနက်ဖြန်မှာတော့ တိုကျိုတခွင် ရာသီဥတု ကြည်လင်မသာယာလှပပေမည် ဆက်လက်ကျန်ရှိနေသေးတဲ့ ချယ်ရီဖူးလေးများ အစွမ်းကုန် ပွင့်လန်းကြပေဦးမည်..။ မည်မျှပင်လောကဓံတရားများ ကြုံလာပါစေ မိမိလုပ်ရမည့် အလုပ်ကို လက်မလျော့တမ်း တစိုက်တမတ်မတ် လုပ်သူများအတွက် အောင်မြင်မှုသည် လက်တကမ်းမှာပင်ရှိပေသည်..။

တနှစ်မှာ တခါသာ မြင်ရသည့် ချယ်ရီပန်းချစ်သူ ကျွန်တော်တို့အတွက် ရွာသွန်းဖြိုးသည့် မိုးကို အပြစ်မပြောလိုပေမယ့် ထိုရွာသွန်းဖြိုးသည့် မိုးနှင့်အတူ ကြွေကျ မြေခခဲ့ရသည့် ပန်းတွေရှိသလို အဖူးအပွင့်များနှင့်အတူ ဆက်လက်ရှင်သန်ဦးမည့် ချယ်ရီပန်းများလည်း အစွမ်းကုန် ဖူးပွင့်ဖို့
ဟန်ပြင်နေကြလေသည်..။ 

  ပန်းပွင့်တယ် ဆိုတာသဘာဝပါလေ ဟုဆိုရမလို ပွင့်ချိန်တန် ပွင့်ပျက်ချိန်တန် ပျက်ရမည်မှာ ဓမ္မတာသာ ဖြစ်သည်..။
ထို့အတူ ကျွန်တော်တို့ လူ့ဘောင်လောကသားတွေလည်း တနှစ်တခါ ပွင့်သည့်ချယ်ရီပန်းလေးများကို ခံစားရင်း ရှေ့ဆက် ဖြတ်သန်းရပေဦးမည်..။
သို့ပေတည့် ကျွန်တော်တို့ တတွေ ချယ်ရီပန်းလေးများကဲ့သို့ လောကကို အလှဆင်ရင်း မိမိပတ်ဝန်းကျင်မှာ အများအတွက် မလိုအပ်တဲ့သူ၊ အကျိုးမပြုတဲ့သူ အဖြစ်မခံပဲ အများအတွက် အသုံးဝင်တဲ့သူ၊ ပေးဆပ်တဲ့သူ၊ အကျိုးဖြစ်သူအဖြစ် သဘာဝတရားကြီးကို အလှဆင်နိုင်ကြပါစေ..။

ပန်းပွင့်တယ်ဆိုတာ သဘာဝပါလေ...
ထို့အတူ လူ့လောကကို အကျိုးပြုတယ်ဆိုတာလည်း မြင့်မြတ်သူတို့ရဲ့ သဘာဝပါလေ..



Admin

1 comment:

  1. While extreme competitors is happening abroad, the income for Korean social on line casino games is exhibiting a sluggish upward development, as Anipang Go-Stop joins the cell competitors of Netmarble, Hangame and Neowiz. Recently, the number of social on line casino studios solely focusing on the abroad market started to increase, as Korean providers for Facebook games are completely blocked outcome of} matter of legal restrictions. However, many corporations began to target the abroad market, as the social on line casino progress price in Korean market was slowed down with the enactment of sturdy restrictions on online gambling. The Korean social on line casino market enjoyed its renaissance with {some of the|a few of the|a number of the} largest online recreation portals in Korea such as Neowiz and Netmarble offering providers for Go-Stop and Poker. If American social on line casino took up an enormous slice of the pie within the gaming business from Facebook 1xbet games, it was online recreation portals for Korean social on line casino - and they are still at the centre now.

    ReplyDelete